Friday, May 23, 2014

ကြည်နူးခွင့်


အချိန်တန်တော့
အိမ်ပြန်စတမ်း ၊ မှာတမ်းခါချွေ
ကြွေမျက်ရည်မိုး ၊ အလွမ်းစိုးစဉ်
ရင်တိုး မီးစ ၊ လက်မပြသာ
နှုတ်ဝ တားစီး ထားလေပြီ ။

ကျောခိုင်း လျှောက်လှမ်း ၊ မမုန်းတမ်းပေါ့
အရှုံးကံမွဲ ၊ တည်ရာခွဲခွာ
ရင်လွဲတသ ၊ သတိရခြင်း
မြစ်တစ်စင်းက ၊ ရှိန်ပြင်းခတ်ထန်
ချိန်မှန်စီးဆင်း သွားနေသည်။

ဝေးကွာရက်ညောင်း ၊ နေ့ပြောင်းညသစ်
ဖန်ဖန်ဖြစ်လည်း ၊ ခံစားစွဲသိ
အတူရှိနေ ၊ အချိန်တွေထဲ
ဝေဆဲ သတိ ၊ ပကတိလွမ်း
ရင်နင့်ကျွမ်းလို့ . . .
တကယ်၍များ ၊ နှစ်ဦးသားဆုံ
ရင်ငွေ့ လှုံစဉ် ၊ တွေ့ကြုံ အလွမ်း
ခရီးပန်းကို ၊ နှုတ်မဆိုဟ
ငိုမပြလို ၊ ဖွဖွ ခြွေနမ်း
သည်းဦးပန်းကို နှင့်
ကြည်နူး ခွင့်သာကြုံစေတော့

No comments:

Post a Comment