Friday, May 23, 2014

မာန


ဘယ် "နွေ" မျိုးကိုမှ
ငါ့ရင်ခွင်မှာ ပိုး ထိုး မခံဘူး

ခံစားချက်တွေကို
ခပ်ထက်ထက် အငြှိုးနဲ့
ထိုးထိုး ခွာပစ်လိုက်တယ်

အေးစက်စက် သိက္ခာတရားကို
ခါးစောင်းတင်မပြနဲ့
လောက "နာ" တယ်

ဒါပဲ
သစ္စာမဲ့သူ အတွက်
ပန်းဆက်စရာ မလိုဘူး ။

No comments:

Post a Comment