Friday, May 23, 2014

ညနှင့်အတူ



အဖော်ကွဲခြင်း တရားရဲ့ အဘိဓမ္မာ
အထီးကျန်စွာ ဖြတ်သန်းခါမှသိခဲ့ရတယ်
နောင်တ ဖွားမြင်ပေးတဲ့ ပစ္စုပ္ပန်နဲ့
မနက်ဖြန်တို့ ကို မော်မကြည့်ဝင့်တဲ့အခါ
ကြယ်တာရာ ပေါ်မှာရှာမိတဲ့
မျက်နှာလေး . . . . . . .
ဘယ်ဆီ ထွက်ပြေးသွားခဲ့ သလဲ။

အရာရာရဲ့ လှပမှု
အမှောင်ထုထဲမှာ အရောင်မဲ့
တိမ်ဖုံးတဲ့ လရဲ့ ပန်းချီကား
နှလုံးသားနဲ့ စောင့်ကြည့်တိုင်း
မစေခိုင်းပဲ . . . . .
မျက်ဝန်းတို့ က ညို့မှိုင်းလို့ ။

နှုတ်ဆက်နေတဲ့
ရင်ထဲက ပေါက်ကွဲသံများ
အလွမ်းတရားကိုသာ လက်ကိုင်ထားရင်း
စက္ကန့်တိုင်း နှိုးထနေတဲ့ တမ်းတမှု
အသိတစ်ခု ထဲမှာသံမှိုစွဲ
မဝံ့မရဲ့ မျှော်လင့်ချက်က
ဒဏ်ခတ်ကာ တားစီး
ဒီညဟာ မီးတစ်ပွင့်ဖြစ်ခဲ့ရင်
ငါ ပြာကျသွားခဲ့တာ ကြာပြီပေါ့

No comments:

Post a Comment