ပျော်စရာဖြစ်ရပ်လေးတွေကြုံလာရင်
ကလေးတစ်ယောက်လို
ဖြူစင်စွာ ပြုံးရယ်တတ်တဲ့
သူမ .....
ဝမ်းနည်းစရာနဲ့တွေ့ကြုံလာရင်လည်း
ဟန်ဆောင်ခြင်းကင်းပြီး
ငိုကြွေးတတ်တဲ့
သူမ .....
နံနက်စောစောစီးစီး
ကျွန်တော့်ဆီဖုန်းဆက်ပြီး
`အိပ်ပုတ်ကြီးကြီး ထတော့လေကွာ´လို့
ဆူပူပြီး ဖုန်းဆက်နိုးတတ်တဲ့
သူမ .....
အလွမ်းသီချင်းလေးတွေနားထောင်ပြီး
အဝေးတစ်နေရာကို
ငေးကြည့်နေတတ်တဲ့
သူမ .....
စာသင်ချိန်တွေမှာ စာမကြည့်ဘဲ
ကျွန်တော့်ကိုပဲ
ခိုးခိုးကြည့်နေတတ်တဲ့
သူမ .....
ပုံတော်ဖိနပ်ကြီးစီးပြီး
ကျွန်တော်နဲ့
အရပ် လာလာတိုင်းတတ်တဲ့
သူမ .....
တစ်နေ့ကို အနည်းဆုံး
message သုံးစောင်လောက်
ပို့တတ်တဲ့
သူမ .....
တစ်ခြားသောမိန်းခလေးသူငယ်ချင်းတွေနဲ့
စကားပြော နူတ်ဆက်မိရင်
တစ်ညလုံးဖုန်းမကိုင်ဘဲနေတတ်တဲ့
သူမ .....
တစ်ခါတစ်လေမှာ ငိုသံကလေးနဲ့
`အရမ်းလွမ်းတယ်´ လို့
ပြောလာတတ်တဲ့
သူမ .....
..... သူမ .....
..... သူမ .....
..... သူမ .....
..... သူမ .....
တကယ်ပါဗျာ ...
သူမ သာ ကျွန်တော့်နံဘေးနားရှိနေရင်
ကျွန်တော့် ဘ၀ကြီးက
ပြီးပြည့်စုံသွားပါပြီ . . . . .
No comments:
Post a Comment