Friday, May 23, 2014

ရုပ်သေး


အသက်လည်းမရူခဲ့ပါဘူး
အစာလည်းမစားခဲ့ပါဘူး
သခင့်စကားကို
မြေဝယ်မကျနားထောင်လို့
လက်လှုပ်ဆိုလက်လှုပ်
ခြေထောက်လှုပ်ဆိုခြေထောက်လှုပ်
တစ်ခါတစ်ခါ
ဇတ်ပိုးကိုဆောင့်ဆွဲခံရတတ်ပြီး
သခင့်စိတ်ကြိုက်ကစေခဲ့လို့
သခင်မလိုတော့လို့
ချောင်ထဲထိုးထဲ့ထားလည်း
ဖုန်အလိမ်းလိမ်းနဲ့ရုပ်မပျက်
ကျွန်တော်တို့ကရုပ်သေးရုပ်တွေပါသခင်။ ။

No comments:

Post a Comment