Friday, May 23, 2014

လေပြေလေးပဲ ဖြစ်ပါစေ



ချစ်သူရယ်.....
မြင်ကြည့်လှည့်စမ်းပါ
ကိုယ်က သစ်ရွက်လေးဆို
မင်းက လေပြေလေး တခုပေါ့
လေပြေလေးရဲ့ နှုးညံစွာ
ထိတွေ့ချော့မြူ မှု့တွေကြောင့်
သစ်ရွက်လေး ကပျော်ရွင်စွာ
ကခုန်ခွင့် ရခဲ့တယ်လေ
အရမ်းကိုအေးချမ်း ကြည့်နှုးတဲ့
မြင်ကွင်းလေးတခုပေါ့ နော်

နှလုံးသား သစ္စာ






ရင်ခုန်တာ နင် မသိပေမယ့် 
သိအောင်လည်း မပြောတော့ပါဘူး
ဝေဒနာ မမြင်မိသူ အတွက်
မြင်မိအောင်လည်း မပြတော့ပါဘူး
ရင်ခုန်သံ မျက်နှာချင်း ဆိုင်ချင်သူမို့
ဗလာကျင်းတဲ့ (မ) နှလုံးသားမှာ
မုန်းပွားစရာ အချစ်လည်းမဖြည့်တော့ပါဘူး
လိုအင်ကို အစိမ်းချုပ်
ဆန္ဒကို ရေမှာမျှော
 မသောသော ရယ်ဖို့ရာ
အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာ
ပေးဆပ်ဖို့ရှင်သန်
ဒဏ်ရာတွေ မမ မရအောင်
ခရေ အသွင်နဲ့
မြေပြင်မှာ ဖြန့်ကာကြဲလိုက်မယ်
နှလုံးသားကို လမ်းခင်း
ချစ်သူ...မမလေးသာလိုရာကိုလျှာက်ပါတော........
ရင်ထဲက မထံသို့။.
     လွမ်း..........

ဖြစ်ချင်တဲ့ ဆန္ဒ




လွမ်းတယ် (အနေဝေးရင်)
ပိုင်ဆိုင်ချင်တယ် (တစ်ဘ၀စာ)
အရမ်းချစ်တယ် (တစ်သက်လုံး)
သတိရတယ် (မတွေ့ရတဲ့အခါ)
အတူနေချင်တယ် (လိုက်လျောရင်)
နမ်းချင်တယ် (ဖြူစင်စွာ)
ထိုင်ကြည့်ချင်တယ် ( 24 နာရီ)
ချော့သိပ်ချင်တယ် (ညတိုင်း)
သီချင်းဆိုပြချင်တယ် (အိပ်ခါနီး)
မျှော်လင့်ချင်တယ် (ရင်ခုန်စွာ)
အရမ်းပြန်ချစ်ပါ (အလိုလားဆုံး)
အရမ်းဂရုစိုက်ပါ (အမြဲ)
မမုန်းဘူး (ဘယ်တော့မှ)
လက်ကလေးကိုင်ချင်တယ် (ခွင့်ပြုရင်)
အဆင်မပြေဘူး (မင်းမရှိတဲ့အချိန်)
မခွဲနိုင်ဘူး (ယုံ)
ထပ်ကာထပ်ကာပြောချင်တယ် ( I Love You )...

အချစ်ရဲ့ ကျေးကျွန်


ငါ့ရဲ့ ရူးသွပ်သွပ် အတွေးတွေနဲ့
မျှော်လင့်မိခဲ့ မင်းရဲ့ ခေါင်းပါးတဲ့ ကြင်နာမှု
အဆိပ်ဆူးတွေ ပြည့်နှက်နေတဲ့
မင်းရဲ့ နှလုံးသားကွန်ယက်ထဲမှာ
ငါ့ကိုချုပ်နှောင် အဆိပ်တက်စေခဲ့တယ်...
မိုက်ရူးရဲ ငါ့နှလုံးသားက
နင့်ရဲ့ ပေါ့ပျက်ပျက်အချစ်တစ်ချို့ကို
တောင်းတမိလွန်းလို့
အလွမ်းနွံတွေထဲမှာပဲ နစ်မြုတ်စေခဲ့တယ်
ငါဆိုတဲ့ ကောင်ကလဲ
နင့်ရဲ့ ကစားစရာ အရုပ်ဘ၀ကို
ရောက်နေမှန်းသိသိနဲ့
နောက်မဆုတ် ပဲ
ရှေ့ကိုပဲ ဆက်တိုးမိခဲ့တယ်...

အခုတော့....
လွမ်းဆွတ်မှုတွေများလွန်းတော့ နေသားကျနေပြီ
ဆုံးရှုံးမှုတွေများလွန်းတော့ ရိုးအီလာပြီ
စော်ကားခံရဖန် များလို့လဲ ထုံထိုင်းနေပါပြီ
မင်းပေးခဲ့ တဲ့ မျှော်လင့်ချက်တွေကလဲ
ပေါပျက်ပျက် မင်းရဲ့ အကျင့်ကြောင့်ဆိုတော့
မင်းကို နားလည်ပေးလို့ရခဲ့ပြီ ချစ်သူ

အပြစ်မဲ့ နှလုံးသား


လေပြေ တစ်ချက်အဝှေ့မှာ
လွင့်ပါသွားခဲ့တဲ့ ငါ့နှလုံးသား
ဆောက်တည်ရာမရ လေထုထဲမှာ
မျောလွင့်နေဆဲ လေပြေရယ်...
မေ့ရဲ့ လစ်လျှူရှု မှုကြောင့် 
သေဆုံးခဲ့တဲ့ မောင့် ရင်ခုန်သံ
အကြင်နာမဲ့ မေ့နှလုံးသားကို
မျှော်လင့်မိဆဲ မေရယ်....
ကံကြမ္မာရဲ့ ရက်စက်မှုလို့သာ
ဖြစ်သမျှအကြောင်းကို အကောင်းတွေး
အပြစ်မတင်ရက်တဲ့ မောင်က
မေ့ကို တမ်းတမိခဲ့တယ်...
အချစ်တွေများလွန်းနေတဲ့ မေ့အတွက်
သံသရ တွေကို အိပ်နဲ့ ထုတ်
အမှုက်ပုံးထဲ ပစ်ထည့်ပြီးတော့
မျှော်လင့်ချက်ကြီးစွာနဲ့ 
စောင့်နေပါရစေမေရယ်

ငိုနေသောနှလုံးသား

ငိုနေသောနှလုံးသား

မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။

ဆွေးမြေ့အသည်း

ဆွေးမြေ့အသည်း

နီးလွန်းလို့ ဝေးခဲ့ရတဲ့ 
တို့ရဲအဖြစ်
မျော်လင့်လွန်းလို့ ဆုံးရှုံးခဲ့တဲ့ 
ကိုယ့်ရဲ့ အချစ်
နောက်ဆုံးတော့
အလွမ်းတွေ ငွေ့ရည်ဖွဲ့
ဆွေးမြေ့မှုတွေက တိမ်ဆိုင်တွေဖြစ်
မျက်ရည်မိုးတွေရွာသွန်းခဲ့လေရဲ့ 
ကောင်မလေးရယ်...
ဘယ်မှာလဲ မေတ္တာတရားတွေ
စာနာနားလည်မှုတွေနဲ့
လွယ်လွယ်ပေးခဲ့ဖူးတဲ့ ဂတိတွေ
လေထဲမှာပဲ ပျောက်ပျယ်ခဲ့လေရဲ့
ကောင်မလေးရယ်...




“အကယ်၍များ ငါတို့ ပြန်မဆုံဖြစ်ကြရင်”

စိတ်ညစ်လွန်းတဲ့ အခိုက်
ခေါင်းငုံ့ထားပါတယ်
တံတားထိုးတယ် ထင်ရင်
စိတ်ချလက်ချ နှင်းဖြတ် သွားပါ...

နင် ပျော်မယ် ထင်တဲ့ ဟိုတဖက်ဆီ
ဘေးကင်းစွာ ရောက်ပါစေ

ရီဝေနေတဲ့ မျက်ဝန်းအိမ်ဟာ
ခေါင်းအမော့ တချက် အငေး
ရှင်သန်ရပ်တည်ရန် အဓိပ္ပာယ် မပေးစွမ်းနိုင်တော့သလို
ငါ့အပေါ် ဖောက်ထွင်း ကျွံကျ.....

တိမ်လွှာရင်အုံထဲကအိပ်မက် ကိုမှ
ဒီကလည်း တမ်းတသည်လေ


ဝေးသွားခဲ့ကြမယ် ဆိုရင်မျိုး မပြောပါနဲ့.....................


ငါးမျှားချိတ်ဆီ အရောက် ကူးခပ်၊ ငါးကလေးနဲ့ တူတဲ့ ငါက
ဒါမှမဟုတ်
နင့် အမြင့်မြတ်ဆုံး အသည်းအိမ်ကို ချိန်ရွယ်ပစ်ခဲ့တဲ့
သွားကြားထိုးတံလေး တချောင်းနဲ့တူတဲ့ ငါက

မီးလျှံလေးကိုမှ ပိုက်ထွေးယုယဖို့ ချည်းကပ်
မိုက်ရူးရဲဆန်တဲ့ ပိုးဖလံလက်တစုံ ဖြစ်ရလည်း ကျေနပ်မှာ...။

သိစေဖို့

ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက်
တကယ်လို့ … ဆိုပြီးတောင်
ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး …
ချစ်သူ တကယ် ချစ် မချစ်
အချစ်က စစ် မစစ်
အတိတ် အနာဂတ်
ပန်းတိုင် ဖူးစာ
ဘ၀ နဲ့ အချစ် အကြောင်း ခွဲခြမ်း စိတ်ဖြာဖို့
သတ္တိ တွေ မရံဝံ့ ခဲ့ ပြန်ဘုး…

ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ
အဖြုပဲ ဖြစ်ဖြစ် အနက်ပဲ ဆိုဆို
အတူတွဲထားတဲ့ လက်တစ်စုံနဲ့
ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို
နွေးထွေးစေမယ်…

ချစ်သူ တည်မယ့် ကမ္ဘာမှာ
နေ လ နဲ့ ကြယ် တစ်စင်းမှ မလင်းဖြစ်ရင်တောင်
ချစ်သူ မျက်ဝန်း အလင်း နဲ့
ကိုယ်လျှောက်မယ့်လမ်း ကိုယ်ရေးခြယ်ကြမယ်

တကယ်ပါ ချစ်သူရယ်
တို့်နေမယ့် တို့နေရာမှာ
နင် ငါ့ကို ချစ်နေဖို့ နဲ့
ငါ နင့်ကို ချစ်နေတယ် ဆိုတာ
နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။

အောက်တန်းကျတယ်၊ခေါင်းကိုက်တယ်၊စီးကရက်အစီခံကိုခါးလည်ကနေ ပြတ်ထွက်သွားအောင်ကိုက်ဖြတ်လိုက်မိတယ်


အောက်တန်းကျတယ်၊ခေါင်းကိုက်တယ်၊စီးကရက်အစီခံကိုခါးလည်ကနေ ပြတ်ထွက်သွားအောင်ကိုက်ဖြတ်လိုက်မိတယ်

မှုန်မှိုင်းမှိုင်းအရောင်တွေကို နှစ်ခြိုက်လာတယ်။နာကျင်မှုကို ပေးတယ်။
ပြီးတော့ အဲဒီနာကျင်မှုကိုပဲ မလွှတ်တမ်းဆုပ်ကိုင်ခိုင်းတဲ့လူ့အဖြစ်…။ညှို့…။
ကိုယ့်စိတ္တဇနဲ့ကိုယ် တစ်ယောက်ချင်းစီ အထီးကျန်နေတဲ့လူအုပ်ကြီးထဲ။
အလိုမတူလည်း ပျော်အောင် အိပ်ရတော့မှာ။

အဆင်ပြေမယ်ထင်သလို။ ကြံမိကြံရာ အစွဲအလန်းတစ်ချို့ မျဉ်းကြားမှာ ကားတိုက်ခံရ။
တစ်ကိုယ်ကောင်းဆန်မှုဟာ လူကို လူဆီကနေ ဆွဲထုတ်သွားတာ။

မာန


ဘယ် "နွေ" မျိုးကိုမှ
ငါ့ရင်ခွင်မှာ ပိုး ထိုး မခံဘူး

ခံစားချက်တွေကို
ခပ်ထက်ထက် အငြှိုးနဲ့
ထိုးထိုး ခွာပစ်လိုက်တယ်

အေးစက်စက် သိက္ခာတရားကို
ခါးစောင်းတင်မပြနဲ့
လောက "နာ" တယ်

ဒါပဲ
သစ္စာမဲ့သူ အတွက်
ပန်းဆက်စရာ မလိုဘူး ။

ရုပ်သေး


အသက်လည်းမရူခဲ့ပါဘူး
အစာလည်းမစားခဲ့ပါဘူး
သခင့်စကားကို
မြေဝယ်မကျနားထောင်လို့
လက်လှုပ်ဆိုလက်လှုပ်
ခြေထောက်လှုပ်ဆိုခြေထောက်လှုပ်
တစ်ခါတစ်ခါ
ဇတ်ပိုးကိုဆောင့်ဆွဲခံရတတ်ပြီး
သခင့်စိတ်ကြိုက်ကစေခဲ့လို့
သခင်မလိုတော့လို့
ချောင်ထဲထိုးထဲ့ထားလည်း
ဖုန်အလိမ်းလိမ်းနဲ့ရုပ်မပျက်
ကျွန်တော်တို့ကရုပ်သေးရုပ်တွေပါသခင်။ ။

အချစ်သည်



အချစ်သည်
ကွယ်လွန်ခဲ့ပြီးသောမရှိတော့သော
အတိတ်ကာလ၌လည်းမရှိ.....

မမွေးဖွားသေးသော
မရေရာသော
အနာဂတ် ကာလ၌လည်းမရှိ....

လျှပ်ပြက်သကဲ့သို့
တစ်မုဟုတ်ခြင်းသာသိနိုင်၍
ရေပွက်သကဲ့သို့
ရုတ်ခြည်းပျောက်ကွယ်သွားနိုင်အရာ....

အချစ်သည်
လက်ငင်းဓိဌဓမ္မ
မျက်မှောက်ပြုနေရသော
ပစ္စုပ္ပန်ကာလ၌သာရှိ၏....

ကြေးမုံပြင်သည်ထင်ဟပ်လာသော
အရိပ်တို့ကိုဖမ်းယူဆုပ်ကိုင်ထားနိုင်ခြင်းမရှိ...

ကြေးမုံပြင်၌ထင်သောအရိပ်သည်
ပုံရိပ်စစ်စစ် မဟုတ်နိုင်....

~~•အထီးကျန်ခြင်းကို ရင်မှာပိုက်


မျှော်လင့်ခြင်း
တွေအိပ်ကပ်
ထဲကောက်ထဲ့
ပြီး~~~~
~~•ဆာလောင်မှုများစွာနဲ့  ချစ်ခြင်း
မေတ္တာတွေ
ပျှောက်ရှနေတဲ့
ငါ့ရဲ့နှလုံးသား
တစ်စုံကလေ~~
~~•အပြုံးလေးများကွယ်ပျောက်ပြီး
အမုန်းများပေး
သနားသွားတဲ့
နင့်ကိုလေပြန်လာ
နိုးနိုး စောင့်မျှော်နေရှာ
လေရဲ့¡¡~¡~~~¡¡~¡~~¡•

သို့ •••••••,



နှလုံးသားတစက်စက်တုန်အောင် ပက်ပက်
စက်စက်ချစ်ရပါသော ချစ်သူ••••

ငါနင့်ကိုလွမ်းလို့ ရင်တွေပူနေပေမယ့်
နောင်တချိန်မပူမပင်နေနိုင်အောင်
ဒို့ နှစ်ယောက်ဘ၀ အခြေခိုင်အောင် ငါ့နှလုံး
သား အခွေအယိုင်ခံပြီး ကြိုးစားနေတယ်

နင်သာနှလုံးသားခိုင်ခိုင်ထားပြီ
သစ္စာတိုင်မယိုင်မလဲပဲ ငါ့တစ်ယောက်ထဲ
ချစ်နေပေးပါ အလွမ်းရက်တွေ ဖြတ်ကျော်ပြီး
ငါကမ်းတက်လာခဲ့မယ် လွမ်းကြွေးတွေဆပ်
ဖို့ အခန်းလေးထဲကစောင့်နေနော်
ငါ အလှမ်းမဝေးခင်ပြန်ရောက်မယ်

~~ချစ်တဲ့~~
မောင်•••••

~~~ ငါ့ရဲ့ လမင်း ~~~~






ချစ်သူ……….
~~~ငါလေ…….. ညတုန်းက
~~~ဖိုးလမင်းကိုမြင်တော့
~~~နင့်ကို…………
~~~ယစ်ယစ်မူးမူး သတိရမိတယ်…………..

ဘာလို့လဲသိလားဟင်………..

ငါ့ရဲ့လမင်းဟာ
~~~နင်ဖြစ်နေလို့ပေါ့…………..

လူတွေကပြောတယ်……………
~~~လမင်းထဲမှာ မြင်ရတဲ့ပုံရိပ်ဟာ
~~~ယုန်ကလေးနဲ့အဘိုးအိုတဲ့…………..

ဟင့်အင်း………….
~~~ငါကတော့ အဲဒီလိုမမြင်ဘူး…………
~~~လမင်းထဲမှာမြင်ရတဲ့ပုံရိပ်ဟာ………….
~~~နင့်ရဲ့အရိပ်နဲ့ ငါ့ရဲ့အရိပ်လို့ပြောရင်
~~~ငါ့ကို ပိုတယ်လို့ နင်ကပြောမှာလား…….. ဟင်……..


~~~~~~~~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥


♥♥♥ တိမ်ယံ ဖြစ်ချင်ဆုံးဆန္ဒ♥♥♥

Photo: ~~♥~~ ငါ့ရဲ့ လမင်း ~~♥~~



♥♦♥ ချစ်သူ……….
~~~ငါလေ…….. ညတုန်းက
~~~ဖိုးလမင်းကိုမြင်တော့
~~~နင့်ကို…………
~~~ယစ်ယစ်မူးမူး သတိရမိတယ်…………..♥♦♥

♥♦♥ ဘာလို့လဲသိလားဟင်………..♥♦♥

♥♦♥ ငါ့ရဲ့လမင်းဟာ
~~~နင်ဖြစ်နေလို့ပေါ့…………..♥♦♥

♥♦♥ လူတွေကပြောတယ်……………
~~~လမင်းထဲမှာ မြင်ရတဲ့ပုံရိပ်ဟာ
~~~ယုန်ကလေးနဲ့အဘိုးအိုတဲ့…………..♥♦♥

♥♦♥ ဟင့်အင်း………….
~~~ငါကတော့ အဲဒီလိုမမြင်ဘူး…………
~~~လမင်းထဲမှာမြင်ရတဲ့ပုံရိပ်ဟာ………….
~~~နင့်ရဲ့အရိပ်နဲ့ ငါ့ရဲ့အရိပ်လို့ပြောရင်
~~~ငါ့ကို ပိုတယ်လို့ နင်ကပြောမှာလား…….. ဟင်……..♥♦♥


♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥~♥


♥♥♥ ချမ်းငြိမ်းပညာအောင် ♥♥♥

သူမ




‌ပျော်‌စရာဖြစ်‌ရပ်‌‌လေး‌တွေကြုံလာရင်‌
က‌လေးတစ်‌‌ယောက်‌လို
ဖြူစင်‌စွာ ပြုံးရယ်‌တတ်‌တဲ့
သူမ .....

ဝမ်းနည်းစရာနဲ့‌တွေ့ကြုံလာရင်‌လည်း
ဟန်‌‌ဆောင်‌ခြင်းကင်းပြီး
ငို‌ကြွေးတတ်‌တဲ့
သူမ .....

‌နံနက်‌‌စော‌စောစီးစီး
ကျွန်‌‌တော့်‌ဆီဖုန်းဆက်‌ပြီး
`အိပ်‌ပုတ်‌ကြီးကြီး ထ‌တော့‌လေကွာ´လို့
ဆူပူပြီး ဖုန်းဆက်‌နိုးတတ်‌တဲ့
သူမ .....

အလွမ်းသီချင်း‌လေး‌တွေနား‌ထောင်‌ပြီး
အ‌ဝေးတစ်‌‌နေရာကို
‌ငေးကြည့်‌‌နေတတ်‌တဲ့
သူမ .....

စာသင်‌ချိန်‌‌တွေမှာ စာမကြည့်‌ဘဲ
ကျွန်‌‌တော့်‌ကိုပဲ
ခိုးခိုးကြည့်‌‌နေတတ်‌တဲ့
သူမ .....

ပုံ‌တော်‌ဖိနပ်‌ကြီးစီးပြီး
ကျွန်‌‌တော်‌နဲ့
အရပ်‌ လာလာတိုင်းတတ်‌တဲ့
သူမ .....

တစ်‌‌နေ့ကို အနည်းဆုံး
message သုံး‌စောင်‌‌လောက်
ပို့တတ်‌တဲ့
သူမ .....

တစ်‌ခြား‌သောမိန်းခ‌လေးသူငယ်‌ချင်း‌တွေနဲ့
စကား‌ပြော နူတ်‌ဆက်‌မိရင်‌
တစ်‌ညလုံးဖုန်းမကိုင်‌ဘဲ‌နေတတ်‌တဲ့
သူမ .....

တစ်‌ခါတစ်‌‌လေမှာ ငိုသံက‌လေးနဲ့
`အရမ်းလွမ်းတယ်‌´ လို့
‌ပြောလာတတ်‌တဲ့
သူမ .....

..... သူမ .....

..... သူမ .....

..... သူမ .....

..... သူမ .....

တကယ်‌ပါဗျာ ...

သူမ သာ ကျွန်‌‌တော့်‌နံ‌ဘေးနားရှိ‌နေရင်‌

ကျွန်‌‌တော့်‌ ဘ၀ကြီးက

ပြီးပြည့်‌စုံသွားပါပြီ . . . . .

±-± စုန်း‌သောက်‌တဲ့ ၀ိုင်‌ ±-±



က‌ဝေပျို . . .
‌တေးဆို‌နေတာမဟုတ်‌‌ပေမယ့်‌
ချယ်‌ရီနံ့သင်းတဲ့ နူတ်‌ခမ်းပါး‌တွေနဲ့
ဖတ်‌လှဲတကင်း
အကျွမ်းဝင်‌ခဲ့ဖူးတယ် . . .‌
( အပြုစားခံရတယ်‌'လို့သတ်‌မှတ်‌နိုင်‌သည်‌။ )
ငြင်‌သာ ရက်‌စက်‌
‌သွေးပျက်‌‌လောက်‌တဲ့
လက်‌ဖျစ်‌(‌ဖျောက်‌)တစ်‌ချက်‌
ကဲ . . .
ငါ့နှလုံးသား ‌သွေးထွက်‌‌ချေပြီ
သခင်‌ ‌သောက်‌သုံးရန်‌အသင့်‌ . . .

ကြည်နူးခွင့်


အချိန်တန်တော့
အိမ်ပြန်စတမ်း ၊ မှာတမ်းခါချွေ
ကြွေမျက်ရည်မိုး ၊ အလွမ်းစိုးစဉ်
ရင်တိုး မီးစ ၊ လက်မပြသာ
နှုတ်ဝ တားစီး ထားလေပြီ ။

ကျောခိုင်း လျှောက်လှမ်း ၊ မမုန်းတမ်းပေါ့
အရှုံးကံမွဲ ၊ တည်ရာခွဲခွာ
ရင်လွဲတသ ၊ သတိရခြင်း
မြစ်တစ်စင်းက ၊ ရှိန်ပြင်းခတ်ထန်
ချိန်မှန်စီးဆင်း သွားနေသည်။

ဝေးကွာရက်ညောင်း ၊ နေ့ပြောင်းညသစ်
ဖန်ဖန်ဖြစ်လည်း ၊ ခံစားစွဲသိ
အတူရှိနေ ၊ အချိန်တွေထဲ
ဝေဆဲ သတိ ၊ ပကတိလွမ်း
ရင်နင့်ကျွမ်းလို့ . . .
တကယ်၍များ ၊ နှစ်ဦးသားဆုံ
ရင်ငွေ့ လှုံစဉ် ၊ တွေ့ကြုံ အလွမ်း
ခရီးပန်းကို ၊ နှုတ်မဆိုဟ
ငိုမပြလို ၊ ဖွဖွ ခြွေနမ်း
သည်းဦးပန်းကို နှင့်
ကြည်နူး ခွင့်သာကြုံစေတော့

ညနှင့်အတူ



အဖော်ကွဲခြင်း တရားရဲ့ အဘိဓမ္မာ
အထီးကျန်စွာ ဖြတ်သန်းခါမှသိခဲ့ရတယ်
နောင်တ ဖွားမြင်ပေးတဲ့ ပစ္စုပ္ပန်နဲ့
မနက်ဖြန်တို့ ကို မော်မကြည့်ဝင့်တဲ့အခါ
ကြယ်တာရာ ပေါ်မှာရှာမိတဲ့
မျက်နှာလေး . . . . . . .
ဘယ်ဆီ ထွက်ပြေးသွားခဲ့ သလဲ။

အရာရာရဲ့ လှပမှု
အမှောင်ထုထဲမှာ အရောင်မဲ့
တိမ်ဖုံးတဲ့ လရဲ့ ပန်းချီကား
နှလုံးသားနဲ့ စောင့်ကြည့်တိုင်း
မစေခိုင်းပဲ . . . . .
မျက်ဝန်းတို့ က ညို့မှိုင်းလို့ ။

နှုတ်ဆက်နေတဲ့
ရင်ထဲက ပေါက်ကွဲသံများ
အလွမ်းတရားကိုသာ လက်ကိုင်ထားရင်း
စက္ကန့်တိုင်း နှိုးထနေတဲ့ တမ်းတမှု
အသိတစ်ခု ထဲမှာသံမှိုစွဲ
မဝံ့မရဲ့ မျှော်လင့်ချက်က
ဒဏ်ခတ်ကာ တားစီး
ဒီညဟာ မီးတစ်ပွင့်ဖြစ်ခဲ့ရင်
ငါ ပြာကျသွားခဲ့တာ ကြာပြီပေါ့

တိမ်ယံ အချစ် ဇယား

ဒီတစ်ယောက်က အချစ်ဦးမို့
တစ်သက်မမေ့နိုင် ဖြစ်ရသည်
ဒုတိယတစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်
ဟောဒီတစ်ယောက်က အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်
ဒီတစ်ယောက်ကတော့ အပြုံးချိုလေးမို့
့သူနှခမ်းလေးကိုစွဲလမ်းသည်
အဲဒီတစ်ယောက်ကတိုင်းရင်းသူလေးမို့
အသံဝဲလေးကို ချစ်မိသည်
စေ့စပ်ထားတဲ့ကောင်မလေးက
 အိနြေ္ဒရှင်လေးမို့ လက်မလွှတ်နိုင်အောင် ဖြစ်ပါသည်
အထက်ပါခြောက်ယောက် ရက်တွေပြည့်လို့
တနင်္ဂနွေ ပိုသေးသည်
စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ
tayyanantall@gmail.com